Love Slave (2014)
ရွေးချယ်ကြည့်ရှုနိုင်သော လင့်ခ်များ -
Love Slave (2014)
⭐ IMDB 4.9/10ဇာတ်ညွှန်းအကျဉ်း
မြို့ကြီးပြကြီးမှာ စိန်နဲ့ရွှေနဲ့ တင့်တင့်တယ်တယ် နေထိုင်ရတဲ့ သူဌေးသမီးလေး "အုအီး" တစ်ယောက် နိုးလာတဲ့အခါမှာတော့ ပင်လယ်ပြင်ထက်က လှေတစ်စင်းပေါ်မှာ ပြန်ပေးဆွဲခံထားရမှန်း သိလိုက်ရပါတယ်။ သူကို ပြန်ပေးဆွဲသွားတဲ့သူကတော့ ပင်လယ်ကျွန်းတစ်ကျွန်းရဲ့ ပိုင်ရှင်ဖြစ်ပြီး အတိတ်က နာကြည်းချက်တွေနဲ့ နစ်မွန်းနေတဲ့ "သူဌေးဖိန်း" ဆိုတဲ့လူပါပဲ။ သူဌေးဖိန်းဟာ အတိတ်က သူ့အစ်မ သေဆုံးခဲ့ရတဲ့ ကိစ္စအတွက် အုအီးရဲ့ မိသားစုပေါ် အကောက်ကြံ လက်စားချေဖို့ သူ့ကျွန်းဆီ ခေါ်လာပြီး ကျွန်းပေါ်မှာ "ကျေးကျွန်" လို နှိပ်စက်ပါတော့တယ်။ ဒါပေမဲ့ ပြဿနာက အဲဒီမှာ မပြီးသေးဘဲ သူဌေးဖိန်းရဲ့ ရည်းစားဟောင်း ဒေါ့အော့နဲ့ ဂျက်စကီးကပါ အုအီးကို နည်းမျိုးစုံနဲ့ ဒုက္ခပေးကြပြန်ပါတယ်။